Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
Search in posts
Search in pages
template

Copywriting

Explorer – Stepping towards the freedom ကိုယ့်ကိုကိုယ် လွတ်လပ်ခွင့်ပေးလိုက်ပါ။ ကိုယ့်ရဲ့လွတ်လပ်ခွင့်ကို ပြန်ရယူပါ။​

Reclaim your freedom
ကိုယ့်ရဲ့လွတ်လပ်ခွင့်ကို ပြန်ရယူလိုက်ပါ။​

ကိုယ့်ဘဝကို မျက်စိပိတ်ပြီး လမ်းလျှောက်သလိုများဖြစ်နေသလား။ ကိုယ့်ဘဝမှာ ဘာဖြစ်ချင်သလဲ သေချာသိပြီလား။ ပြဿနာအများစုဟာ ကိုယ့်ကိုကိုယ် မသိတာကစတင်တယ်ဆို မမှားပါဘူး။ ဒါကြောင့် ကိုယ့်ကိုကိုယ် သိဖို့ explore လုပ်ဖို့ အရေးကြီးပါတယ်။​

ကိုယ့်ဘဝကို ပြောင်းရမယ်ဆိုတာ သိတယ်။
ဘယ်က စပြောင်းရမလဲ မသိဘူး။
ချီတုံချတုန်ဖြစ်တယ်။​
ကိုယ့်ကိုကိုယ် အားမလိုအားမရဖြစ်တယ်။
ဒါကြောင့် စာအုပ်တွေဖတ်ကြည့်တယ်။
တခြားနည်းလမ်းတွေလဲ သုံးကြည့်တယ်။​
ကောက်ရိုးမီးလိုပဲ ပိုနေမြဲကျားနေမြဲပြန်ဖြစ်နေတယ်။

ဒီစကားသံတွေကြားရတော့ အရင်တုန်းက ကိုယ့်ကိုကိုယ်ပြန်မြင်မိတယ်။

အရင်ကဆိုရင်
တစ်ခုခုဆို ကိစ္စတစ်ခုဖြစ်တာနဲ့ negative feeling ဖြစ်လို့မပြီးတော့ဘူး။ Why always me? ဘာလို့ ငါ့လာဖြစ်တာလဲ။ အရမ်းလဲ lonely ဖြစ်တယ်။ ငါကိုယ်ငါပဲ လုပ်ရမှာ။

တခါစိတ်ညစ်ရင် တစ်လလောက် ကြာတယ်။​ မြန်မြန်လက်လွတ်ချပြီး အရှုံးပေးဖို့လွယ်တယ်။​
အမြဲတမ်းနောင်တရတတ်တယ်။​ Guilty ဖြစ်တတ်တယ်။​ ကိုယ့်ကိုကိုယ် ယုံကြည်မှုမရှိ။​ ဘာဖြစ်ချင်မှန်းလဲမသိဘူး။ သူများဖြစ်စေချင်တဲ့အတိုင်းနေခဲ့တယ်။ မပျော်ဘူး။ သတ္တိမရှိတဲ့အတွက် ကိုယ့်ကိုကိုယ် အမြဲအပြစ်တင်တယ်။​
ရှောင်ပြေးတယ်။​ တချို့အရာတွေကို ကြိုးစားပြီးမေ့ထားခဲ့တယ်။ သူများကို blame လုပ်တယ်။ distance ထားပြီး ကိုယ့်ကိုကိုယ် နေတယ်။​ မတွေ့ရရင်ပြီးရော ရှောင်ပြေးတယ်။​ ဒါပေမယ့် ပြေးလို့မလွယ်သလို ထပ်ခါထပ်ခါဖြစ်နေတယ်။
ကိုယ်ဖြစ်ချင်ခဲ့တဲ့ ဘဝရဲ့ ပုံစံက လွတ်လွတ်လပ်လပ်နဲ့ ကိုယ့်စိတ်တိုင်းက ကိုယ့်ဘဝကို ပုံဖော်ချင်တယ်။​ သူများစိတ်နဲ့ အသက်ရှင်တာမဟုတ်ပဲ ကိုယ့်စိတ်နဲ့ ကိုယ်အသက်ရှင်ချင်တယ်။​

နောက်ပိုင်း Training တက်၊ Coaching တွေယူ၊ Exam တွေ၊ Practice အဆက်အပျက်တွေလုပ်ပြီး စစ်မှန်တဲ့ ကိုယ့်ကိုကိုယ်ရှာဖွေဖို့ လျို့ဝှက်ချက်တွေတွေ့ရှိလာတယ်။​ ဒါတွေကို မျှဝေပေးချင်တဲ့အတွက် သင်တန်းအများကြီးဖွင့်လေ့မရှိပေမယ့် coaching clients တွေက တခြားသူတွေကိုလဲ​ ကူညီပေးဖို့ တိုက်တွန်းတဲ့အတွက် သင်တန်းတစ်ခု စီစဥ်ပေးဖို့ ဆုံးဖြတ်ချက်ချလိုက်တယ်။​

ဒီသင်တန်းကတော့ ကိုယ့်ကိုကိုယ် အပြောင်းအလဲ “အမှန်တကယ်” လုပ်ချင်သူတွေအတွက် ရည်ရွယ်ပါတယ်။
ကိုယ့်ကိုကိုယ် ပြန်လည်ရှာဖွေမယ်။
ကိုယ့်ဘယ်သူလဲဆိုတာ သေသေချာချာပိုသိလာမယ်။
ကိုယ့်ရဲ့အိမ်မက်တွေကို ပြန်လည်တူးဖော်မယ်။
ပျော်ပျော်ရွင်ရွင်၊ အဓိပ္ပာယ်ရှိရှိနဲ့ နေ့ရက်တွေကိုဖြတ်သန်းမယ်။​
ဒီလို ပျော်ပျော်ရွင်ရွင်ဖြတ်သန်းနိုင်တဲ့အတွက်
အလုပ်ခွင်မှာ၊ လုပ်ငန်းမှာ ပိုမိုအောင်မြင်တိုးတက်လာနိုင်မယ်။
မိသားစုအရေး၊ အချစ်ရေးမှာ ပျော်ရွင်စရာကောင်းလာနိုင်မယ်။​
ဘာကြောင့်လဲဆိုတော့ စစ်မှန်တဲ့ အပြောင်းအလဲတိုင်းကို
စတင်တဲ့သူက ကိုယ်တိုင်ပဲဖြစ်ပါတယ်။

ဒီ Program မှာ လေ့လာရမည့် course outline ကတော့
1. လူတွေ သတိမပြုမိတဲ့ ကိုယ့်ကိုကိုယ်ပြောနေတဲ့ Story တွေနဲ့ ဒါကို အပြောင်းအလဲလုပ်လို့ရတဲ့ နည်းစနစ်
2. အိမ်လိုက်သံမြောင်နဲ့တူတဲ့ ကိုယ့်ရဲ့ Values စစ်စစ်တွေကို ဘယ်လိုရှာဖွေမလဲ။
3. Ego state ဆိုတာဘာလဲ။ ဒါကို ဘယ်လိုအသုံးချလို့ရမလဲ။
4. Hormonal state ရဲ့ အရေးပါပုံ။
5. ကိုယ့်ရဲ့ ကိုယ်ရည််ကိုယ်သွေးအကြောင်း Personality
6. ကိုယ့်ရဲ့ စစ်မှန်တဲ့ Life Purpose ကို ဘယ်လို ပြန်ရှာဖွေမလဲ။
7. ဘဝရဲ့ Roadmap to freedom ကို ဘယ်လိုတည်ဆောက်မလဲ။

အစရှိတဲ့ အကြောင်းအရာများနဲ့ Reclaim Your freedom Program ကို ဖန်တီးပေးထားပါတယ်။​

နောက်ပြီး ဒီ Program လေးကို join စေချင်တဲ့အတွက်
ပုံမှန် သင်တန်းကြေး 150,000 MMK အစား
69,000 MMK နဲ့ စီစဥ်ထားပေးသလို
သင်တန်းအပ်နှံပါက မိမိချစ်ခင်တဲ့သူများလဲ ပြောင်းလဲလာဖို့အတွက်
နောက်ထပ်တစ်ဦးကို အခမဲ့ invite to join လုပ်နိုင်မှာဖြစ်ပါတယ်။​
သင်တန်းကာလကတော့ August 19, 20 (Fri & Sat)
August 26, 27 (Fri & Sat) 7:00 PM to 9:30 PM မှာ စီစဥ်ထားပေးပါတယ်။​
သင်တန်းသားဦးရေ အကန့်အသတ်လေးရှိတဲ့အတွက်
အပ်နှံလိုပါက အောက်ပါ link မှာ စာရင်းသွင်းပေးထားပါ။