Orientation

Assistant Teachers

Vision

Smart kids are from BINGO!

Mission

ပညာခေတ်၊ နည်းပညာခေတ်မှာ သင့်ကလေးအနာဂတ်အတွက် အကောင်းဆုံးပြင်ဆင်ဖို့

Core Value

*Work extra miles!
*Make it happen!
*Be considerate!
*Be passionate!

Number of employees

15

Department

English & Maths

Team Members

5 in each team

History of the company/ How your business works

ရွှေဘိုမှာ​မွေး​ပေမယ့် အသက်​၁ဝနှစ်​မှာ မိသားစုလိုက်​ မန္တ​လေး​ပြောင်းခဲ့တယ်​။ ၁ဝတန်းထိ နာမည်​ကြီး​ကျောင်း​တွေ၊ ကျူရှင်​​တွေ မတက်​ခဲ့ဘူး။ ၁ဝတန်း​အောင်​​တော့ ​ဆေးဝါးတက္ကသိုလ်​ (University of Pharmacy) တက်​ခဲ့တယ်​။
အိမ်​အလုပ်​က​တော့ အဲဒီတုန်းက ဟန်းဖုန်း​တွေ​ခေတ်​မစား​သေး​တော့ ​ဘေးအိမ်​ကကြိုးဖုန်းငှါးပြီး အိမ်​​ရှေ့မှာဖုန်းဆိုင်​ဖွင့်တယ်​။ သူများဆိုင်​​တွေထက်​​စျေးသက်​သာ​တော့အလုပ်​ဖြစ်​တယ်​။ အဲဒါနဲ့ ကြိုးဖုန်း​တစ်​လုံးဝယ်​ပြီး ဖုန်း၂လုံးနဲ့ဆိုင်​ဖွင့်တယ်​။ ​နောက်​ဓာတ်​ဆီကိုပါ ​ရေသန်​့ဗူး​လေး​တွေနဲ့ထည့်ပြီး​ရောင်းတယ်​။ ​ရောင်း​ကောင်း​တော့ သူများဆိုင်​ကယ်​ဆီစာအုပ်​​တွေ (သူတို့ကိုအပြင်​​ပေါက်​​စျေးအတိုင်း ပိုက်​ဆံပြန်​​ပေးပြီး) ယူထုတ်​တယ်​။ တစ်​ခါဆီသွားထုတ်​ရင်​ ဆီစာအုပ်​​တွေအများကြီးနဲ့ပဲ။ တခါတ​လေအ​ဖေနဲ့သွားတယ်​။ အ​ဖေမအားရင်​တစ်​​ယောက်​တည်​း စာအုပ်​​တွေထပ်​၊ ဆိုင်​ကယ်​တန်းစီ၊ ပြီးဆိုင်​အပြင်​မှာပိုက်​နဲ့ဆီနုတ်​၊ ​နောက်​တစ်​ခါဆိုင်​ကယ်​ပြန်​တန်းစီ အဲလိုထုတ်​ခဲ့တာ။
​ကျောင်း(၄)နှစ်​တက်​ပြီးပြီးချင်းအလုပ်​ရှာရ​တော့တယ်​။ ဘွဲ့မရ​သေးဘူး၊ ​ကျောင်းက​ထောက်​ခံစာကိုင်​ပြီး ​ဆေးရုံ​တွေ၊ ​ဆေးခန်​း​တွေလှည့်ပြီးအလုပ်​​လျှောက်​တယ်​။ အလုပ်​ရှာ​နေရင်း အိမ်​နားက `နိဗ္ဗာန်သုခ´ဆိုတဲ့ အခမဲ့​ဆေးခန်းမှာ လုပ်​အား​ပေးဝင်​လုပ်​တယ်​။ ​ဆေးခန်းက မနက်​(၁)ကြိမ်​၊ ည​နေ(၁)ကြိမ်​ သွားရတယ်။ ​ဥပုသ်​​နေ့ပိတ်​တယ်​။ တချို့ပိတ်​တဲ့ရက်​​တွေဆို မင်​းကွန်​းတစ်​ဖက်​ကမ်းကရွာ​တွေ၊ ​ကျောက်​ဆည်​ကအခမဲ့စာသင်​​ကျောင်​း​တွေ၊ ရန်​ကင်း​တောင်​​ခြေက ဘုန်းကြီး​ကျောင်း​တွေကို​ဆေးကုသွားရင်​ လိုက်​သွားတယ်​။ အလုပ်​ရှာရင်း​နောက်​ဆုံး ​ဆေးခန်းတစ်​ခုမှာ အလုပ်​ရတယ်​။ မနက်​(၈)နာရီက​နေ ည(၈)နာရီထိ လုပ်​ရတယ်​။ တစ်​ပတ်​(၁)ရက်​နား လခ-၅သောင်း ရတယ်​။ ပထမဆုံးရတဲ့လခဆို​တော့ ခုထိမှတ်​မိ​နေတယ်​။ အဲ​ဆေးခန်းမှာ (၂)နှစ်​လုပ်​ခဲ့တယ်​။
အဲဒီ​နောက်​ အင်္ဂလိပ်​စာကိုစနစ်​တကျ​လေ့လာမယ်​ဆိုပြီး သင်​တန်​း​တွေတက်​တယ်​။ တချို့သင်​တန်း​တွေကပြီးသာသွားတယ်​၊ ဘာမှထိထိ​ရောက်​​ရောက်​မရှိဘူး၊ ပိုက်​ဆံကုန်​သွားတာပဲ အဖက်​တင်​တယ်​။ သင်​တန်းကမိတ်​​ဆွေအစ်​မကြီးညွှန်​တဲ့ ဆရာတစ်​​ယောက်​ဆီ​ရောက်​မှ အဆင်​​ပြေသွားတယ်​။ သင်​တန်းတက်​ရင်းနဲ့ပဲ စာသင်​ရတာကို သ​ဘောကျလာတယ်​။ အမှန်​က ငယ်​ငယ်​ကတည်းက ဆရာမဝါသနာပါတာ၊ ကစားရင်​ဆရာမလုပ်​တမ်းပဲကစားတယ်​။ မန္တ​လေး​ရောက်​စမှာ အိမ်​ငှါးနဲ့(၆)နှစ်​​လောက်​​နေခဲ့ရတယ်​။ ​ရောက်​တဲ့​နေရာတိုင်း အိမ်​​ဘေးက က​လေး​တွေ​ခေါ်ပြီးစာသင်​တယ်​၊ မသင်​ရရင်​မ​နေနိုင်​တာ။ အဲဒါနဲ့ ကိုယ်​ဝါသနာပါရာပဲ လုပ်​​တော့မယ်​ဆိုပြီး ​CV form နဲ့ ​ကျောင်း​တွေလိုက်​​လျှောက်​တယ်​။ ကို်​ယ်​က အင်္ဂလိပ်​စာ​ပဲ​လေ့လာ​နေပြီး တခြားသင်​ကြား​ရေးအ​တွေ့အကြုံ၊ ဘွဲ့​တွေလည်းရမထား​တော့ ဘယ်​မှာမှ အလုပ်​မရဘူး။
​နောက်​မှ အိမ်​နား​လေးမှာ `ဘက´ ​ကျောင်းရှိတာသတိရပြီး အဲဒီ​ကျောင်းမှာ ​​စေတနာ့ဝန်​ထမ်းအဖြစ်​ဝင်​လုပ်​တယ်​။ ၇တန်း အင်္ဂလိပ်​စာသင်​ရတယ်​။ အဲဒီ​ကျောင်းမှာက နယ်​အစုံက ကိုယ်​​တော်​​တွေ၊ ကိုယ်​စသင်​ရတဲ့အတန်းက တကယ့်​ကျောင်းသား​တွေ၊ တခြားဆရာမ​တွေကလည်းထိန်းရခက်​လို့ဆိုပြီး ​ပြောတယ်​။ အဲဒီကိုယ်​​တော်​​တွေက ​ဘောလုံးပွဲကြည့်ရတာ ဝါသနာပါတယ်​။ အဲဒီ​တော့ သူတို့သင်​ရတာအဆင်​​ပြေ​အောင်​ စာသင်​မသွားခင်​ ​ဘောလုံးပွဲ Review ​တွေဖတ်​သွားရတာ၊ အရင်​​နေ့က ​ဘောလုံးပွဲအ​ကြောင်း အ​ဖေတို့၊ ​မောင်​​လေးတို့ကို ​မေးသွားရတယ်​။ ​ဘောလုံးသမားနာမည်​​တွေလည်းအလွတ်​ရ​အောင်​ မှတ်​ရ​သေးတာ၊ ​ကျောင်း​ရောက်​​တော့ သူတို့နဲ့​ဘောလုံးပွဲအ​ကြောင်းနည်းနည်း​ပြောပြီးမှ စာသင်​​တော့ အဆင်​​ပြေတယ်​။ ဆရာမက သူတို့နဲ့လိုင်းတူတယ်​ထင်​သွားတယ်​၊ အမှန်​က​ဘောလုံးပွဲအ​ကြောင်းဘာမှနားမလည်​ဘူး၊ (ဒီလိုပဲဟန်​​ဆောင်​ရတာ) အဲဒီစာသင်​နှစ်​က​တော့ မှတ်​မှတ်​ရရပါပဲ၊ သူတို့လည်းအိမ်​ကိုခဏတိုင်းလာလည်​ကြတယ်​၊ ခုထိလည်းအဆက်​အသွယ်​ရှိတယ်​။ ​နောက်​ပိုင်းနှစ်​​တွေ​တော့ ထူးထူးခြားခြားသိပ်​မရှိဘူး။အဲဒီ​ကျောင်းမှာ (၁၀)နှစ်​နီးပါး သင်​ခဲ့တယ်​။
ဘက​ကျောင်း ၂၀၁၈-၂၀၁၉ စာသင်​နှစ်​စ​ပေါ့။ ဒီနှစ်​​တော့ က​လေး​တွေက ​အေး​အေး​ဆေး​ဆေးပါလားလို့​တွေး​နေတုန်း ​ကျောင်းသားသစ်​တစ်​​ယောက်​​ရောက်​တယ်​။ အစိုးရ​ကျောင်းက ​ကျောင်းထုတ်​ခံရတာတဲ့၊ လူက ကိုယ့်ရဲ့(၃)ဆ​လောက်​ရှိတယ်​။ အဲဒီ​ကျောင်းသား​လေးက သိပ်​မပြည့်ဘူး။ စိတ်​ငြိမ်​​ဆေး​တွေလည်း​နေ့တိုင်း​သောက်​ရတယ်​။ အ​ခြေအ​နေက အဆိုးကြီး​တော့မဟုတ်​ဘူး။ (ဥပမာ- သူ့အသက်​(၁၂)နှစ်​အရွယ်​နဲ့ `ကိုယ်​​တော်​​တွေ​ခေါင်းက ဘာလို့ဆံပင်​မ​ပေါက်​တာလဲ´တို့​မေးတာ)။ သူက ကိုယ်​သင်​တဲ့အတန်​းထဲ​ရောက်​​တော့ နည်နည်း​တော့လန်​တာ​ပေါ့။ စာသင်​တဲ့အချိန်​တစ်​​ယောက်​တည်း ​ခေါင်း​တွေဆက်​တိုက်​ညိမ်​ချင်​ညိမ့်​နေတာ။ ဒီလိုပဲ လွှတ်​​ပေးထားလိုက်​ရတာ။ သူက အင်္ဂလိပ်​စာကျရတယ်​​တော့။ တခါတ​လေ ကိုယ်​​တော်​​တွေမ​ဖြေနိုင်​တာ​တောင်​ သူက​ဖြေနိုင်​တယ်​။ ​နောက်​ဆုံးစာ​မေးပွဲမှာလည်း အင်္ဂလိပ်​စာကို လွတ်​လွတ်​ကျွတ်​ကျွတ်​ အမှတ်​​ကောင်းနဲ့​အောင်​တယ်​။
ဘက​ကျောင်းမှာလုပ်​​နေတုန်​း ILBC မှာအလုပ်​သင်​ (Trainee Teacher)အနေနဲ့ လစာမဲ့ (၃)လ စာ​တွေ့၊ လက်​​တွေ့ သင်​တန်းတက်​ရတယ်​။ ဘာသာစုံသင်​ကြားနည်းစနစ်​​တွေ၊ ဗဟုသုတ​တွေရလို့ ခုထိ​ကျေးဇူးတင်​လို့ မဆုံးဘူး။ အဲဒီ​နောက်​ လက်​​ထောက်​ (Assistant Teacher)၊ အတန်းပိုင်​ (Class Teacher) ဆိုပြီး အဆင့်ဆင့်လုပ်​ရတယ်​။ Class Teacher ဖြစ်​​တော့ အင်္ဂလိပ်​၊ သင်္ချာ၊ ပထဝီ၊ သမိုင်း၊ သိပ္ပံ ဘာသာရပ်​​တွေသင်​ရတယ်​။ အဲဒီ​ကျောင်းကလုပ်​တဲ့ Activity ​တွေ Science Fair, Food Fair, Fun Fair, Field Trip, Project, Talk ​တွေကလည်း အ​တွေ့အကြုံ​တွေ အများကြီးရတယ်​။ အလုပ်​​တွေများလွန်းလို့ ပင်​ပန်​း​ပေမယ့် ကိုယ်​ဝါသနာပါရာလုပ်​ရ​တော့ ​ပျော်​ပါတယ်​။
ILBC မှာ ၃နှစ်​​လောက်​လုပ်​ပြီး အ​မေ့ကျန်းမာ​ရေးအ​ခြေအ​နေအရအလုပ်​ထွက်​ပြီး Windsor International School မှာ အချိန်​ပိုင်း Science Teacher လုပ်​တယ်​။ ၄တန်း၊ ၆တန်းသင်​ရတယ်​။ ၆တန်း နိုင်​ငံတကာအရည်​အချင်းစစ်​စာ​မေးပွဲမှာ ကိုယ်​သင်​​ပေးတဲ့က​လေးက မြန်​မာတစ်​နိုင်​ငံလုံး သိပ္ပံ အမှတ်​အများဆုံးရတယ်​ဆို​တော့ ဝမ်​းသာတာ​ပေါ့။ အင်္ဂလိပ်​​ကျောင်းက က​လေး​တွေကို Home Tutor အ​နေနဲ့လည်း ​အိမ်​​တွေလိုက်​သင်​တယ်​။ သွားရတဲ့အိမ်​​တွေက မန္တ​လေးမြို့ ​မြောက်​ပ်ိုင်း၊ ​တောင်​ပိုင်း၊ အ​ရှေ့ပိုင်း​တွေ၊ ကိုယ်​​နေတာက အ​နောက်​ပိုင်​း၊ ည(၉)နာရီမှပြီးတယ်​။ အိမ်​ကို (၉)နာရီ​ကျော်​မှ ​ရောက်​တယ်​။
အဲဒါပြီးတခြားကိုယ်​ပိုင်​​ကျောင်း​တွေမှာ အလုပ်​လိုက်​ရှာတယ်​။ ​ကျောင်းတစ်​​ကျောင်း​ပေါ့၊ သူ့ရဲ့ သင်​ကြားနည်းစနစ်​​တွေ၊ သင်​ရိုး​တွေ၊ ​ကျောင်းရဲ့ ဖွဲ့စည်​ပုံစနစ်​​တွေ​ရောသ​ဘောကျလို့ အလုပ်​​လျှောက်​တာ၊ (၃)ကြိမ်​​လျှောက်​တယ်​၊ (၃)ကြိမ်​လုံးပယ်​ခံရတယ်​။ ​နောက်​နာမည်​ကြီး ကိုယ်​ပိုင်​​ကျောင်းတစ်​​ကျောင်းကို​လျှောက်​မယ်​​ပေါ့။ အလုပ်​မ​လျှောက်​ခင်​ညက အိပ်​မ​ပျော်​ဘူး။ ရင်​​တွေခုန်​လို့။ အဲဒီ​ကျောင်းမှာ အလုပ်​ရရင်​ ကိုယ်​လုပ်​မယ်​့အရာ​တွေကို​တွေးပြီး စိတ်​ကူးယဉ်​တာ​ပေါ့။ ​နောက်​​နေ့အလုပ်​သွား​လျှောက်​​တော့ အဲဒီ​ကျောင်းကဆရာမကြီးက CV form ကို ကိုင်​​တောင်​မကြည်​့ဘဲ `ငါတို့က ဒါမျိုး​တွေလက်​မခံဘူး´ဆိုပြီး ခုံ​နောက်​မှီရင်း​ပြောလိုက်​တယ်​။
အဲဒီ​နောက်​ ကိုယ်​ပိုင်​သင်​တန်း​လေးပဲ​ထောင်​ဖို့ ဆုံးဖြတ်​လိုက်​တယ်​။ စာသင်​တဲ့အခါ က​လေး​တွေဘက်​က လိုလိုချင်​ချင်​နဲ့သင်​ယူမှုဖြစ်​​အောင်​၊ စာလည်​ရ ​ပျော်​စရာလည်​းဖြစ်​​အောင်​သင်​မယ်​ဆိုတဲ့ ရည်​ရွယ်​ချက်​နဲ့ #Bingo လို့နာမည်​​ပေးလိုက်​တယ်​။ စဖွင့်​တော့အ​တော်​ ကြိုးစားရတယ်​။ စာအုပ်​​တွေဘယ်​ကမှာရမှန်းမသိ။ ​ဒေါ်လာ​စျေးတက်​ချိန်​ဝယ်​မိ​တော့ တချို့စာအုပ်​​တွေ​စျေးကြီးမိတယ်​။ ဝယ်​ထားပြီးမှ စိတ်​တိုင်​းမကျလို့ မသုံးဖြစ်​တဲ့စာအုပ်​​တွေ အပုံကြီး။ သင်​တန်းဖွင့်ပြီးမှ တချို့​ကျောင်း​တွေက ကိုယ့်သင်​တန်​းကရတဲ့လခထက်​ ပို​ပေးပြီးအလုပ်​​ခေါ်တယ်​။ မလုပ်​​တော့ဘူး။ အပြင်​မှာ မွမ်းမံသင်​တန်း​တွေအများကြီး တက်​တယ်​။ တချို့လ​တွေမှာ ကိုယ်​ရတဲ့လခထက်​ သက်​တန်း​ကြေး​တွေက ပိုကုန်​​နေတယ်​။ အဲဒီ​နောက်​ မန္တ​လေးမှာ အရှိန်​စရ​နေပြီ၊ ​ကျောင်းသူ/သား​တွေလည်းများလာတုန်းမှာ ​ရွှေဘိုကို​ပြောင်းဖို့ အ​ခြေအ​နေဖြစ်​လာတယ်​။ မန္တ​လေးက မိဘ​တွေကလည်းမ​ပြောင်​း​စေချင်​ကြဘူး။
ခု​တော့​ရွှေဘိုမှာ တစ်​ကပြန်​စ​နေတယ်​_
​ရွှေရည်​လင်း
Bingo
12.2.2020 (Wed)

Job Description

*Be responsible for checking (red/ green)
* Record attendance (Classroom)
* Copy & explain the missed lessons for absentees
* Clean whiteboard, duster & refill marker ink before the class
* Accompany to toilet if necessary
* Be responsible for checking correct guardians & be together with students before being fetched
* Be responsible to prepare teaching aids before the classes start
* Be responsible for classroom cleaning, classroom decorations & seating plans
* Be ready for sticking names on each desk & write names on texts
* Be responsible for invigilators
* Be responsible for preparing message books, checking message books & write messages with correct message format, sticking “Late”, “Absent”.
* Must be in assigned classes 30 minutes before class time
* Be responsible for rearranging classroom after class
* Be responsible for taking photos & videos during activities
* In charge of students’ safety (NEVER LEAVE ONLY STUDENTS IN THE CLASSROOM)
* Be responsible for taking care of special needed students (air-con, belongings, inform, phone)
* Be responsible for story telling & practising teaching period
* Recharge tablet batteries after using

Reporting

-To report complaints from parents
-adjusting class time
-about special needs students

Do & Don't / Policies

Bingo မှ ထုတ်ပြန်ထားသော ဆရာမများ လိုက်နာရမည့်စည်းကမ်းများ-

၁။ သင်တန်းသို့ သတ်မှတ်ထားသောအချိန် အမှီလာ၍ သတ်မှတ်ထားသောအချိန်မှသာပြန်ရမည်။ နေ့လည်ထမင်းစားပြီးချိန် ၁၁:၄၅ တွင် မိမိအလုပ်နေရာသို့ ရောက်ရမည်။
၂။ သတ်မှတ်ထားသော အလုပ်ချိန်အတွင်း ကျောင်းအုပ်အားအသိမပေးဘဲ အပြင်သို့အကြောင်းမဲ့ သွားရောက်ခြင်း မပြုရ။
၂။ (၃)ရက်နောက်ကျပါက လစာမှ(၁)ရက်စာ ဖြတ်မည်။
၃။ ကလေးမိဘ၊ အုပ်ထိန်းသူများနှင့် ကောင်းမွန်ပြေပြစ်စွာ ဆက်ဆံတတ်ရမည်။
၄။ မည်သည့်ကလေးကိုမှ ရိုက်ခွင့်မရှိပါ။
၅။ Uniform မရှိသေးပါ။ ဆရာမတစ်ယောက်အနေနှင့် သင့်တင့်လိုက်ဖက်သော အ၀တ်အစားများ ၀တ်ဆင်ပြီး သန့်ရှင်းသပ်ရပ်စွာ နေထိုင်ရမည်။
၆။ ကိုယ်အမူအရာ၊ နှုတ်အမူအရာ ယဉ်ကျေးလိမ်မာရမည်။
၇။ Bingo မှပြုလုပ်သောပွဲများတွင် (မပျက်မကွက်)တက်ကြွစွာ ပါ၀င်ရမည်။
၈။ Public Holidays တိုင်း သင်တန်းပိတ်မည်မဟုတ်ပါ။
၉။ အတန်းလိုအပ်ချက်၊ ကလေးတစ်ဦးချင်းစီ၏ လိုအပ်ချက်များကို သိရှိနားလည်ပြီး ပူးပေါင်းပါ၀င် လုပ်ဆောင်နိုင်ရမည်။
၁၀။ ကျောင်းရှိပစ္စည်းများ၊ စာအုပ်များ၊ Teaching aids များကို ရိုသေစွာကိုင်တွယ်ပြီး နေရာတကျ ပြန်ထားရမည်။ မိမိကြောင့်ပျက်စီးပါက တန်းဖိုးအတိုင်းပေးလျော်ရမည်။
၁၁။ Stationeries များကို လိုအပ်သလိုအသုံးပြုခွင့်ရှိသည်။ ဖြုန်းတီးခြင်းမပြုရ။
၁၂။ အလုပ်စားပွဲနှင့် မိမိအလုပ်နေရာ၀န်းကျင်ကို သန့်ရှင်းသပ်ရပ်စွာထားရမည်။
၁၃။ မိမိတာ၀န်ကျရာအခန်း၏ Plugs, lights, air-cons, fans, windows, locks များကို သေချာ စစ်ဆေး၍ ပိတ်ခဲ့ရမည်။
၁၄။ သင်တန်းတည်ထောင်သူ၏ တန်းဖိုးထားသည့် (Core Values) များကို ထပ်တူ တန်းဖိုးထားနိုင်ခြင်း မရှိပါက ပထမအကြိမ်သတိပေးပြီး၊ ပြုပြင်ပြောင်းလဲခြင်းမရှိပါက ချက်ချင်းအလုပ်ထုတ်ပါမည်။
၁၅။ ပညာပြန်ပေးမည့်ဆရာမများဖြစ်သည့်အတွက် ကိုယ့်ကိုယ်ကိုတိုးတက်အောင် နေ့စဉ် သင်ယူလေ့လာ နေရပါမည်။ ထိုကဲ့သို့ မလုပ်နိုင်ပါက ခုကတည်းက အလုပ်ထွက်ပါ။
၁၆။ ၀န်ထမ်းအချင်းချင်း တစ်ဦးနှင့်တစ်ဦးနားလည်ပြီး လေးလေးစားစားဆက်ဆံရမည်။ မသင့်မြတ်ခြင်းဖြစ်ပေါ်ပါက တခြား၀န်ထမ်းများကိုပါ အနှောက်အယှက်ဖြစ်နိုင်သည့်အတွက် အလုပ်ထုတ်တဲ့အထိ စဉ်းစားမည်။
၁၇။ နောက်လိုက်ကောင်းဖြစ်မှ ခေါင်းဆောင်ကောင်း ဖြစ်နိုင်သည့်အတွက် Trainee Teacher (TT), Assistant Teacher (AT) များသည် ယုံကြည်စိတ်ချရသော နောက်လိုက်ကောင်းများဖြစ်အောင် ကြိုးစားကြရမည်။
၁၈။ ခွင့်ယူလိုပါက သင်တန်းဖုန်းနံပါတ်ကိုသာ ဆက်သွယ်ရမည်။ တခြား၀န်ထမ်းများဆီသို့ ဖုန်းဆက်ခြင်း၊ စကားပါးခိုင်းခြင်းများ မပြုရ။
၁၉။ သင်တန်းမှသုံးသည့် စာအုပ် soft copy များ၊ Videos, Audios, Teaching resources များ အားလုံးကို ကူးယူခွင့် မပြုပါ။
၂၀။ Permanent Teachers ဖြစ်ပါက လစဉ်ပေးသော Bonus (20000-2023 မှစ၍) ကို မေလတွင်သာ ထုတ်ပေးမည်။
၂၁။ သင်တန်းမှ မည်သည့်ကလေးကိုမှ ကျူရှင်၊ Guide (လုပ်အားပေး၊ လခ) လုပ်ခွင့်မရှိပါ။
၂၂။ သတ်မှတ်ထားသော အလုပ်ချိန်တွင် ဖုန်းသုံးစွဲခွင့် (လုံး၀) မရှိပါ။ အရေးကြုံပါက သင်တန်းဖုန်းနံပါတ် ၀၉၉၆၄၄၄၆၇၈၈ သို့ ဆက်သွယ်နိုင်သည်။
၂၃။ သင်တန်းကျောင်းအတွင်းချမှတ်ထားသော စည်းကမ်းများကိုလိုက်နာရမည်ဖြစ်ပြီး အခါအားလျော်စွာ ပြောင်းလဲသော စည်းကမ်းများကိုလည်း လိုက်နာရမည်ဖြစ်ပါသည်။

#သတ်မှတ်ထားသော စည်းမျဉ်း၊စည်းကမ်းများကို ဖတ်ရှုသိရှိပြီး လိုက်နာမည်ဖြစ်ပါသည်။

အမည်__________________________ လက်မှတ်____________________ ရက်စွဲ__________________

Procedure

work flow?

View Files