Coaching Questions for Akyanpay Business Coaching 2

Customer Service - 09697886999

U PHYO PAING

99930799904333301

U PHYO PAING

0146201010054018

U PHYO PAING

0033600500028778

U PHYO PAING

09974461888

Coaching သဘောတူညီချက်၊ စည်းကမ်းချက်များနှင့် သတ်မှတ်ချက်များ ကျေးဇူးပြု၍ အောက်ပါအကြောင်းအရာကို အချိန်ယူပြီး ဖတ်ရှုပေးပါ! 

သင်၏ Coaching ကဏ္ဍပြီးဆုံးသွားလျှင် သင့်အတွက်ပိုမိုပြီးအကျိုးရှိစေရန်အတွက် ကျွန်ုပ် (Coach) နှင့် သင် (Creative Client) သည် တက်ညီလက်ညီကျတဲ့ အဖွဲ့တစ်ခုအနေဖြင့် လုပ်ဆောင်ရန်မှာ အရေးကြီးသော အချက်တစ်ချက်ဖြစ်ပါသည်။ 

တာဝန်ယူမှု၊ တာဝန်ခံမှု ကဏ္ဍ 

သင့်ကိုယ်ပိုင် အဖြေများရရှိနိုင်ရန်နှင့် သင်ဆန္ဒရှိ တောင့်တသော ရလဒ်များကို ဆွတ်ခူးနိုင်ရန်အတွက် သင့်ရဲ့ Coach သည် လိုအပ်သော ထောက်ပံ့ကူညီမှုများကို အတတ်နိုင်ဆုံး လုပ်ဆောင်ပေးမည် ဖြစ်သည်။ သင့်ဘဝရဲ့ အပြောင်းအလဲမှန်သမျှတိုင်းအတွက် သင့်မှာတာဝန်ရှိပါသည်။ သင့် Coach သည် သင်နှင့်အတူ လုပ်ဆောင်ပြီး သင်လိုအပ်သော အဖြေများကို ရှာဖွေခြင်း၊ ထင်မြင်အကြံပြုချက်များကို ကမ်းလှမ်းပေးခြင်း၊ အကြံဉာဏ်များနှင့် ရွေးချယ်စရာနည်းလမ်းများကို သူတို့၏ အတွေ့အကြုံ၊ လေ့ကျင့်မှုများ နှင့် သင့်တော်သော အချက်အလက်များကို အခြေခံ၍ မျှဝေပေးခြင်းများကို လုပ်ဆောင်ပေးမည်ဖြစ်သည်။ 

သင့်ဆုံးဖြတ်ချက်အလုံးစုံနှင့် လုပ်ဆောင်ချက် အကျိုးဆက်များအတွက် သင့်တွင်အလုံးစုံတာဝန်ရှိကြောင်း လက်ခံပါ။ 

Coaching Session ကို ဝယ်ယူသူအနေဖြင့် သင်သိအပ်သော အရာများနှင့် သဘောတူညီရမည့် အရာများမှာ Coach သည် လိုင်စင်ရရှိထားသော ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အကြံပေးတစ်ယောက်၊ အိမ်နှင့် မြေရာဆိုင်ရာ ကိုယ်စားလှယ်တစ်ယောက်၊ စားရင်းကိုင်တစ်ယောက်၊ ငွေကြေးဆိုင်ရာ စီမံခန့်ခွဲသူတစ်ယောက်၊ ကျန်းမာရေးဆိုင်ရာ ပညာရှင်တစ်ယောက် သို့မဟုတ် ဥပဒေဆိုင်ရာ ပညာရှင်တစ်ယောက် မဟုတ်ပါ ဆိုသည့်အချက်ဖြစ်သည်။ 

နှုတ်စောင့်ဆည်းမှုနှင့် ယုံကြည်မှုဆိုင်ရာ ကဏ္ဍ 

ကျွန်ုပ်တို့ဘက်မှ စောင့်ထိန်းရမည့်အချက်မှာ သင်၏ခွင့်ပြုချက် မရှိလျှင် Coach မှ သင်၏ Coaching Session အကြောင်းကို မည်သူတစ်ဦးတစ်ယောက်ကိုမျှ ထုတ်ဖော် ပြောကြားမည် မဟုတ်ပါ။ 

သို့သော် သင့်အနေဖြင့် အခြားမည်သူနှင့်မဆို သင်၏ Coaching Session အကြောင်းကို ဆွေးနွေး ထုတ်ဖော် ဖလှယ်နိုင်ပါသည်။